Category Archives: News
-
လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာမှ မိုးကြိုးဘေးကြောင့်ဒဏ်ရာရရှိခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
(၁၁-၁၀-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာမှ မိုးကြိုးဘေးကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာအတွက် ထောက်ပံ့ငွေ (၅) သောင်းကျပ်ကို ထားဝယ်ဆေးရုံကြီးတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာညွှန်ကြားရေးမှူးနှင့်အဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း
၁၁-၁၀-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. David Kaatrud နှင့်အဖွဲ့က ယနေ့နံနက် (၉) နာရီ၌ အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ လုပ်ငန်းများဆိုင်ရာ မဟာဗျူဟာအသစ်အရဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာအရဆောင်ရွက်နေသည့် စာသင်ကျောင်းများတွင် အာဟာရကျွေးမွေးရေးအစီအစဉ်များ၌ (WFP) မှ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ သက္ကယ်ကုန်းကျေးရွာအုပ်စု၊ စာဖြူကုန်းကျေးရွာ၌ (၄-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၅) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပါ သည်။ အဆိုပါ ပြိုကျ ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် … Read more
-
သဘာဝဘေးလျှော့ချရေးနှင့်ပတ်သတ်သည့်သင်တန်းပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဖျာပုံမြို့နယ်ခွဲ၊ အမာမြို့၊ ခါချဉ်ကျေးရွာအုပ်စု၊ ခါချဉ်ကျေးရွာရှိ School cum shelter တွင် Freda အဖွဲ့နှင့်ပူးပေါင်း၍ သဘာဝဘေးလျှော့ချရေးနှင့် ပတ်သတ်သည့်သင်တန်းကို (၈ – ၁၀ – ၂၀၁၇) ရက်နေ့မှ (၁၀ – ၁၀ – ၂၀၁၇) ရက်နေ့ထိဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းတွင် ရပ်ရွာမြေပုံ ရေးဆွဲခြင်း၊ ရာသီပြက္ခဒိန်နှင့် ရပ်ရွာသမိုင်းကြောင်းများရေးဆွဲခြင်း၊ မုန်တိုင်းဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် လက်တွေ့သရုပ်ဆောင်ခြင်းများပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲအား (၁၁ – ၁၀ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်၊ နှင်းဆီလမ်းတွင် (၁၀-၁၀-၂၀၁၇) ရက်နေ့၊ ည (၁၁:၀၀) အချိန်တွင ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် မီးဘေးဒုက္ခခံစားခဲ့ရသော အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ ကျား (၂၇) ဦး မ (၂၂) ဦး၊ စုစုပေါင်း (၄၉) ဦးအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ ပလပ်စတစ်ပုံး တစ်အိမ်ထောင်လျှင် (၁) ပုံး၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးသိန်းဆွေတို့ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ သံတမန်များနှင့် သတင်းမီဒီယာများရခိုင်ပြည်နယ်အတွင်းကွင်းဆင်းကြည့်ရှု
စစ်တွေ အောက်တိုဘာ ၁ဝ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ အိမ်နီးချင်းငါးနိုင်ငံမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာရာရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ စစ်တွေမြို့သို့ ရောက်ရှိစဉ် … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်နေစဉ်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦး မြို့နယ်၊ ရွာဟောင်းတောကျေးရွာအုပ်စု၊ သင်္ဘောဆိပ်ချင်းရွာ၌ (၂-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော လူနေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀) ကျပ် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းလယ်စု ကျေးရွာ တွင် (၄-၁၀-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့ သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် Unicef Family Kits (၂၆)မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၀၈၄၀၀ိ/-)အား (၁၀-၁၀-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ကွင်း ဆင်းထောက်ပံ့ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက် (၂၀၁၇) အတည်ပြု မိတ်ဆက်ပွဲ အခမ်းအနားသို့တက်ရောက် မိန့်ခွန်း ပြောကြားမှုသတင်း
နေပြည်တော် အောက်တိုဘာ ၉ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက် (၂၀၁၇) အတည်ပြု မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်း ပြောကြားသည်။ အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (MAPDRR) (၂၀၁၇) တွင် ပါဝင်သည့် အကြောင်းအရာများကို မဆွေးနွေးမီ မျက်မှောက် … Read more









