ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဖျာပုံမြို့နယ်ခွဲ၊ အမာမြို့၊ ခါချဉ်ကျေးရွာအုပ်စု၊ ခါချဉ်ကျေးရွာရှိ School cum shelter တွင် Freda အဖွဲ့နှင့်ပူးပေါင်း၍ သဘာဝဘေးလျှော့ချရေးနှင့် ပတ်သတ်သည့်သင်တန်းကို (၈ – ၁၀ – ၂၀၁၇) ရက်နေ့မှ (၁၀ – ၁၀ – ၂၀၁၇) ရက်နေ့ထိဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းတွင် ရပ်ရွာမြေပုံ ရေးဆွဲခြင်း၊ ရာသီပြက္ခဒိန်နှင့် ရပ်ရွာသမိုင်းကြောင်းများရေးဆွဲခြင်း၊ မုန်တိုင်းဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် လက်တွေ့သရုပ်ဆောင်ခြင်းများပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲအား (၁၁ – ၁၀ – ၂၀၁၇) ရက်နေ့၌ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာဆောင်များ၊ နံရံကပ်ပိုစတာ များဖြန့်ဝေခြင်းနှင့် DAN Application ထည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source:ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)