Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Under Secretary General, Mr. Jeffery Feltman နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri တို့က လာရောက်တွေ့ဆုံမှုသတင်း
(၁၅-၁၀-၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Under Secretary General, Mr. Jeffery Feltman နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri တို့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် ယနေ့မွန်းလွဲပိုင်းတွင် သီးခြားစီ လာရောက်တွေ့ဆုံပါသည်။UN Under Secretary General, Mr. Jeffery Feltman ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံရာတွင် ယခုလို အချိန်ပေးလက်ခံတွေ့ဆုံသည့်အတွက် … Read more
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ (၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန်(၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။ Source: DMH
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ (၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအား နည်းရပ်ဝန်း သည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။ Source: DMH
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊မြောင်းမြခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၁၄-၁၀-၂၀၁၇)ရက်နေ့တွင် မြောင်းမြခရိုင် ဝါးခယ်မမြို့ နယ်အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းနေအိမ် (၆) လုံးအိမ်ထောင်စု(၆)စု အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀)နှင့်ဆန်ရိက္ခာဖိုး (၈၄၀၀၀)စုစုပေါင်း (၆၈၄၀၀၀) အားသွားရောက် ထောက်ပံ့ ခဲ့ပါသည်။Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာနမှ အကူအညီပစ္စည်းများ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး လက်ခံရယူ
၁၄-၁၀-၂၀၁၇၊ ရန်ကုန် ရခိုင်ပြည်နယ်အတွင်းရှိပြည်သူများအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre)မှ လူသားချင်းစာနမှု ဆိုင်ရာ အကူအညီများထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(ရန်ကုန်ရုံးခွဲ) တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ထောက်ပံ့ပစ္စည်းများကို လက်ခံ ရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။ အဆိုပါအခမ်းအနားတွင် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန၏ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Adelina Kanal က လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက … Read more
-
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခခံစားနေကြ ရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် နိုင်ရန် အတွက် အလှူငွေများပေးအပ်
၁၄-၁၀-၂၀၁၇ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခခံစားနေကြရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ဒေါက်တာ ကောင်းမြတ်ကွယ်လွန်ခြင်း (၆)နှစ်ပြည့် အဖြစ် လှူဒါန်းငွေ ကျပ်သိန်း(၂၀)အားလည်းကောင်း၊ Future Green ပရဟိတလူငယ်များ အသင်းက လှူဒါန်းငွေကျပ် (၁၀)သိန်းကိုလည်းကောင်း အဆိုပါရုံးခွဲသို့လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ယမန်နေ့ (၁၃-၁၀-၂၀၁၇)ရက်နေ့ကလည်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့နေ ဦးဝင်းမြင့်+ဒေါ်ဌေးဌေးအေး သားသမီးမြေးမြစ်တစ်စု၏ ထောက်ပံ့ကူညီမှု ကျပ်ငွေ (၅)သိန်းကိုလည်း … Read more
-
ကျေးရွာအဆင့် သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဂရုဏာလူမှု စည်းလုံး ညီညွတ်ရေးအသင်း (KMSS)တို့ပူးပေါင်း၍ (၁၄-၁၀-၂၀၁၇) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာ အုပ်စု၊ တံခွန်တိုင်ကျေးရွာ၌ ကျေးရွာအဆင့် သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ရာ သာပေါင်းမြိ့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ (၂၇၀) ခန့် တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
“ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် “ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကို (၀၈း၃၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ် သွေး မှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြား၍ စာစီစာကုံးပြိုင်ပွဲတွင်ဆုရ ကျောင်း သား/သူများကိုဆုချီးမြှင့်ခြင်း၊၂၀၁၇ခုနှစ်၊အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်မှတ်တမ်းဗွီဒီယိုပြသခြင်း၊ကျောင်းသား/သူများအားသဘာဝဘေးအန္တရာယ်ဆိုင်ရာပဟေဠိမေးခွန်း များမေးမြန်း၍ ဆုချီးမြှင့်ခြင်း၊ ဓာတ်ပုံမှတ်တမ်းများအားလှည့်လည်ကြည့်ရှုခြင်းများကို အခမ်းအနား အစီအစဉ်အတိုင်း ကျင်းပခဲ့ရာ(၀၉း၃၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။ ၂။ အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် ရေပေါ်ကြီးကျေးရွာအုပ်စုနှင့် ကဿဝင်ကျေးရွာအုပ်စု၌ (၃၀.၉.၂၀၁၇)၇က်နေ့တွင် နေအိမ်(၃၁)လုံး၊ ကဿဝင်ကျေးရွာအုပ်စု၌(၅.၁၀.၂၀၁၇) ၇က်နေ့တွင် နေအိမ် (၇)လုံး၊ စုစုပေါင်း နေအိမ် (၃၈)လုံး၊ အိမ်ထောင်စု (၃၈)စု စာ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအား (၁၂.၁၀.၂၀၁၇)၇က်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးးရှိ တာဝန်ရှိသူများမှ ပန်းတနော်မြို့နယ်၊ ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source:မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် (၁၃ -၁၀ -၂၀၁၇) ရက်နေ့ (၀၉:၃၀) အချိန်၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကျင်းပခဲ့ရာ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများနှင့် UN, INGOs, NGOs အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၅၀၀) ဦးခန့်တတ်ရောက်ခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ UNDP မှ ကိုယ်စားလှယ် (၁) ဦးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ … Read more









