ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဂရုဏာလူမှု စည်းလုံး ညီညွတ်ရေးအသင်း (KMSS)တို့ပူးပေါင်း၍ (၁၄-၁၀-၂၀၁၇) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာ အုပ်စု၊ တံခွန်တိုင်ကျေးရွာ၌ ကျေးရွာအဆင့် သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ရာ သာပေါင်းမြိ့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ (၂၇၀) ခန့် တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)