
၁၄-၁၀-၂၀၁၇
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခခံစားနေကြရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ဒေါက်တာ ကောင်းမြတ်ကွယ်လွန်ခြင်း (၆)နှစ်ပြည့် အဖြစ် လှူဒါန်းငွေ ကျပ်သိန်း(၂၀)အားလည်းကောင်း၊ Future Green ပရဟိတလူငယ်များ အသင်းက လှူဒါန်းငွေကျပ် (၁၀)သိန်းကိုလည်းကောင်း အဆိုပါရုံးခွဲသို့လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ယမန်နေ့ (၁၃-၁၀-၂၀၁၇)ရက်နေ့ကလည်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့နေ ဦးဝင်းမြင့်+ဒေါ်ဌေးဌေးအေး သားသမီးမြေးမြစ်တစ်စု၏ ထောက်ပံ့ကူညီမှု ကျပ်ငွေ (၅)သိန်းကိုလည်း လက်ခံရရှိခဲ့ကြောင်း သတင်းရရှိပါသည်။