


၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် “ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကို (၀၈း၃၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ် သွေး မှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြား၍ စာစီစာကုံးပြိုင်ပွဲတွင်ဆုရ ကျောင်း သား/သူများကိုဆုချီးမြှင့်ခြင်း၊၂၀၁၇ခုနှစ်၊အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်မှတ်တမ်းဗွီဒီယိုပြသခြင်း၊ကျောင်းသား/သူများအားသဘာဝဘေးအန္တရာယ်ဆိုင်ရာပဟေဠိမေးခွန်း များမေးမြန်း၍ ဆုချီးမြှင့်ခြင်း၊ ဓာတ်ပုံမှတ်တမ်းများအားလှည့်လည်ကြည့်ရှုခြင်းများကို အခမ်းအနား အစီအစဉ်အတိုင်း ကျင်းပခဲ့ရာ(၀၉း၃၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊ NGO / INGO အဖွဲ့အစည်းများမှကိုယ်စားလှယ် များ၊ ပညာရေးကောလိပ်မှ သင်တန်းသားများ၊ ကျောင်းသား/သူ များ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း အင်အား (၃၅၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)