ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Under Secretary General, Mr. Jeffery Feltman နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri တို့က လာရောက်တွေ့ဆုံမှုသတင်း

16 Pic 02

(၁၅-၁၀-၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Under Secretary General, Mr. Jeffery Feltman နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri တို့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် ယနေ့မွန်းလွဲပိုင်းတွင် သီးခြားစီ လာရောက်တွေ့ဆုံပါသည်။UN Under Secretary General, Mr. Jeffery Feltman ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံရာတွင် ယခုလို အချိန်ပေးလက်ခံတွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ ကြိုးပမ်း ဆောင်ရွက်ချက်များအား သိရှိပါကြောင်း၊ ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကိစ္စ၊ လူသားချင်း စာနာကူညီမှုလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်မည့် ကိစ္စများ၊ နိုင်ငံတော်အစိုးရမှ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ သတ်မှတ်ထားသော အဓိကလုပ်ငန်း (၃) ရပ်ဖြစ်သည့် မိသားစုများ ပြန်လည်ပေါင်းစည်းရေးနှင့် ထောက်ပံ့ရေး၊ နေရပ်စွန့်ခွာသူ များအတွက် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့သောငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးစသည့်ကိစ္စရပ်များ၊ ၁၉၉၂ ခုနှစ်၊ (၂) နိုင်ငံ သဘောတူညီချက်အရ နေရပ်ပြန်လာ သူများ လက်ခံရေးကိစ္စ၊ ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်နေမှု ကိစ္စများ၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ အကူအညီပေးရန် အသင့် ရှိပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri နှင့်တွေ့ဆုံရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် (၂) နိုင်ငံ  သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံမှ အဆိုပြုသည့် အကူအညီအားဆောင်ရွက်ပေးရန် ဆန္ဒရှိပါကြောင်း၊ ဆောလျင်စွာ ဆောင်ရွက်လိုပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ လူသား ချင်းစာနာကူညီမှု၊ ပြန်လည်နေရာချထားရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ   နိုင်ငံတော်အဆင့် စီမံကိန်းကို    ယနေ့စတင်ခြင်း၊ အဆိုပါစီမံကိန်းအား rakhine.unionenterprise.org Website တွင် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များရယူနိုင်ပါကြောင်း၊ အဆိုပါစီမံကိန်းအရ ရှေ့ဆက် ဆောင်ရွက်မည့် ကိစ္စများ၊ လူသားအရင်းအမြစ်ဆိုင်ရာ အရည်အသွေးတိုးတက်ရေးအတွက် အကူအညီ ပေးမည့်ကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ အကူအညီပေးမည့် ကိစ္စရပ်များနှင့် အတွေ့အကြုံများ၊ အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

 

 

Sign Up

Upcoming Events