Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၌ (၁၂-၁၁-၂၀၁၇)နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၂)စု၊ လူဦးရေ (၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)အိမ်လျှင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀) ကျပ်တို့အား (၁၄-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မိုင်းပျဉ်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေဟောပြောပွဲများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများ ဆောင်ရွက် ခဲ့ရာ (၀၈:၃၀) အချိန်တွင် အမှတ်(၅၂၈) ခြေမြန်တပ်ရင်းတွင် စစ်သည်ရဲမေ(၁၀၀)ဦးအားလည်းကောင်း၊ (၁၀း၃၀) အချိန်တွင် အမှတ်(၃၆၀)ခြေမြန်တပ်ရင်းတွင် စစ်သည်ရဲမေ (၅၀) ဦးအားလည်းကောင်း၊ (၁၂:၀၀)အချိန်တွင် အမှတ် (၄၃)ခြေလျင်တပ်ရင်းတွင် စစ်သည်ရဲမေ (၇၀) ဦးအားလည်းကောင်း၊ (၁၃:၃၀) အချိန်တွင် အမှတ် (၃၈၉) အမြောက် တပ်ရင်းတွင် စစ်သည်ရဲမေ(၈၀)ဦးအားလည်းကောင်း၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယမ်းကျေးရွာတွင် ပြည်သူလူထု (၇၀) ဦး၊ စုစုပေါင်း … Read more
-
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာအုပ်စု၊ ကြူဆော့ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ~၁၀း၄၀) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာအုပ်စု၊ ကြူဆော့ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက သဘာဝဘေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးရှိကြောင်း သိရှိရပါသည်။
-
ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သဘာဝဘေးဒဏ်ခံစားရသည့် ဘေးသင့်ပြည်သူများအတွက်သာမက လူတို့ကြောင့်ဖြစ်သော ဘေးအန္တရယ်များနှင့်ပတ်သက်၍လည်း ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲ ရှောင်စခန်း (၆) ခုမှ အိမ်ထောင်စု (၃၉၉) စု၊ လူဦးရေ (၁,၉၄၆) ဦးအတွက် စုစုပေါင်း တန်ဘိုးငွေ (၁၀,၄၉၅,၃၈၀) ရှိ ဆန်ရိက္ခာ ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာများ ကို (၂၇-၁၀-၂၀၁၇) နေ့တွင် ထောက်ပံ့ပေးခဲ့ပါသည်။ အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ … Read more
-
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ယာယီခိုလံှုရေးစခန်းများသို့ သွားရောက်ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ဦးဆောင်သောအဖွဲ့သည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း ယာယီခိုလှုံရေးစခန်း (၆) ခုရှိ အိမ်ခြေ (၃၉၉) အိမ်၊ အိမ်ထောင်စု (၃၉၉)၊ လူဦးရေစုစုပေါင်း (၁၉၄၆) ဦးအတွက် အနွေးထည် (၇၉၈) ထည်၊ စောင် (၃၉၉) ထည်၊ စုစုပေါင်းတန်ဖိုး (၂၅၃၉၅၀၀) ကျပ်အား သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ အဆိုပါထောက်ပံ့ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စခန်းတာဝန်ခံများနှင့် မြို့မိ/မြို့ဖများတက်ရောက်ခဲ့ကြပါသည်။ ထိုနောက် … Read more
-
UEHRD စီမံကိန်းတွင်ပါ၀င်သော လူငယ်များအတွက် အသက်အာမခံလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးနေမှုသတင်း
UEHRD စီမံကိန်းတွင်ပါ၀င်သော လူငယ်များအတွက် အသက်အာမခံလုပ်ငန်းများကို နိုင်ငံ တော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဥ်းသော ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာတွင် ဆွေးနွေးကြရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ ၊ Global World Insurance မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ယခုအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းလူငယ်များအတွက် အသက်အာမခံ လုပ်ငန်းစဥ်များကို စီစဥ်ဆောင်ရွက်ပေးပြီးဖြစ်ရာ ဆက်လက်ဆောင်ရွက်နိုင်ရေး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၁-၂၀၁၇) ရက်နေ့၊ မိုင်းဖြတ်မြို့နယ်၊ ကောင်းမှုကျေးရွာတွင် သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျေးရွာနေပြည်သူ (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကလေးစာပေပွဲတော်လာ ပြည်သူများနှင့် ကျောင်းသား/သူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးနေမှုသတင်း
(၁၂-၁၁-၂၀၁၇) ရက်နေ့၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံမြို့နယ် စာကြည့်တိုက်များကွန်ယက်တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် ကျင်းပရာ ကွန်ပျူတာတက္ကသိုလ် (သထုံ) တွင် ကလေးစာပေပွဲတော်လာ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေခြင်း၊ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၁-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိန်ဓမ္မရပ်ကွက၊် ဖယ်ခုံမြို့နယ်၌ လည်းကောင်း၊ နေ့လည်ပိုင်းတွင် ကသဲကျေးရွာ၊ ဖယ်ခုံမြို့နယ်၌လည်းကောင်း သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၅၀) ဦးစီခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
(UEHRD)၏လုပ်ငန်းများဆောင်ရွက်ရန်အတွက် ြမန်မာနိုင်ငံရှိခရစ်ယာန်အသင်းတော်များနှင့် အဖွဲ့အစည်းများက ပါ၀င်ကူညီလှူဒါန်းမှုသတင်း
ရန်ကုန်၊ နိုဝင်ဘာ (၁၁)ရက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ြပန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)၏လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်(၁၁-၁၁-၂၀၁၇)ရက်နေ့တွင် ြမန်မာနိုင်ငံရှိခရစ်ယာန်အသင်းတော်များနှင့် အဖွဲ့အစည်းများက လှူဒါန်းငွေကျပ်(၅၁၁၅၇၀၀၀) ကို ရန်ကုန်မြို့ရှိ ြမန်မာနိုင်ငံခရစ်ယာန်အသင်းအဖွဲ့ချုပ်အစည်းအေ၀းခန်းမတွင် ပေးအပ်လှူဒါန်းရာ ခရစ်ယာန်အသင်းများမှ တာဝန်ရှိသူများက လှူဒါန်းရြခင်းအကြောင်းရင်းကို ရှင်းလင်းတင်ြပပြီးလူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းြမတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားြပန်လည်ပြောကြားရာတွင် (UEHRD)၏လုပ်ငန်းများကို ဆောင်ရွက်ရာ၌ လူမျိုးဘာသာအဆင့်အတန်းမရွေး ပါ၀င်ဆောင်ရွက်ရန်ြဖစ်ပါကြောင်း၊ဘေးဒုက္ခရောက်သူများကို ကူညီလှူဒါန်းခြင်းသည်ဘာသာတရားအရ မွန်မြတ်ပြီး ယခုလို ပါ၀င်လှူဒါန်းမှုအတွက်ကျေးဇူးတင်ရှိပါကြောင်းြေပာကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါသည်။ အဆိုပါလှုဒါန်းပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်း၀င်းခိုင်သန်း၊ … Read more









