ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်မှုသတင်း

13 Pic 03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သဘာဝဘေးဒဏ်ခံစားရသည့် ဘေးသင့်ပြည်သူများအတွက်သာမက လူတို့ကြောင်‌့ဖြစ်သော ဘေးအန္တရယ်များနှင့်ပတ်သက်၍လည်း ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲ ရှောင်စခန်း (၆) ခုမှ အိမ်ထောင်စု (၃၉၉) စု၊ လူဦးရေ (၁,၉၄၆) ဦးအတွက် စုစုပေါင်း တန်ဘိုးငွေ (၁၀,၄၉၅,၃၈၀) ရှိ ဆန်ရိက္ခာ ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာများ ကို (၂၇-၁၀-၂၀၁၇) နေ့တွင် ထောက်ပံ့ပေးခဲ့ပါသည်။

အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်သည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းနှင့်အတူ (၁၂-၁၁-၂၀၁၇) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ နေဝန်းနီ တိုက်ပွဲရှောင်စခန်းသို့သွားရောက်၍ နမ့်ခမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း (၆) ခုမှ မိသားစုဝင်များနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး အိမ်ထောင်စု (၃၉၉) စု၊ လူဦးရေ (၁,၉၄၆) ဦး အတွက် စောင် (၃၉၉) ထည်နှင့် အနွေးထည် (၇၉၈) ထည်၊ တိုက်ပွဲရှောင်စခန်းရှိ မသန်စွမ်း (၂) ဦး၊ ထင်းဘိုး နှင့် စက်ဆီဘိုးတို့ကို ထောက်ပံ့ခဲ့ရာ စုစုပေါင်းတန်ဘိုးငွေ (၂,၇၈၃,၅၀၀) ထောက်ပံ့ပေးအပ်ခဲ့ပါသည်။          ဆက်လက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ သည် (၁၃-၁၁-၂၀၁၇)ရက်နေ့တွင် ကွတ်ခိုင်မြို့ပေါ်ရှိ I အမှတ်(၃)ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း စခန်းနှင့် အမှတ် (၆) ရပ်ကွက် မူကြိုကျောင်းစခန်းများသို့သွားရောက်၍ မိသားစုဝင်များအား တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပါသည်။  ထို့နောက် အမှတ် (၅) ရပ်ကွက်ရှိ နှစ်ချင်းအသင်းတော်ဇုံနယ်ဝန်း တိုက်ပွဲရှောင်စခန်းတွင် မိသားစုများနှင့်တွေ့ဆုံခဲ့ပြီး ကွတ်ခိုင်မြို့နယ်ရှိ စခန်း (၁၂) ခုမှ အိမ်ထောင်စု (၈၅၄) စု၊ လူဦးရေ (၄၈၆၂) ဦးအတွက် တန်ဘိုးငွေကျပ် (၂၅,၃၉၀,၆၈၀) ရှိ ဆန်၊ ဆီ၊ ဆား၊ ပဲစသည့် စားနပ်ရိက္ခာ (၁၄) ရက်စာနှင့်  စောင် (၈၅၄) ထည်နှင့် အနွေးထည် (၁၇၀၈) ထည် တန်ဘိုးငွေကျပ် (၅,၅၅၁,၀၀၀) စုစုပေါင်းတန်ဘိုးငွေကျပ် (၃၀,၉၄၁,၆၈၀) ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း (၁၈) ခုရှိ အိမ်ထောင်စု (၁,၂၅၃) စု၊ လူဦးရေ (၆,၆၂၈) ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ ပေးခဲ့သည့် တန်ဘိုးစုစုပေါင်းမှာ (၄၄,၂၂၀,၅၆၀) ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events