UEHRD စီမံကိန်းတွင်ပါ၀င်သော လူငယ်များအတွက် အသက်အာမခံလုပ်ငန်းများကို နိုင်ငံ တော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဥ်းသော ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာတွင် ဆွေးနွေးကြရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ ၊ Global World Insurance မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ယခုအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းလူငယ်များအတွက် အသက်အာမခံ လုပ်ငန်းစဥ်များကို စီစဥ်ဆောင်ရွက်ပေးပြီးဖြစ်ရာ ဆက်လက်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေး ဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းသို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းများ (၁၉၉၉-၂၀၁၄)နှင့်ထပ်တိုးချဲ့ကာလ (၅)နှစ်စီမံကိန်း (၂၀၁၅-၂၀၁၉) အကောင်အထည်ဖော်ရေးအတွက် အထောက်အကူဖြစ်စေရန် ဆေးစွဲလူငယ်များဆေးဖြတ်ပြီးပြန်လည်ထူထောင်ပေးခြင်းနှင့် မူးယစ်ဆေးသံသရာသို့ ပြန်လည်မရောက်စေရေး နောက်ဆက်တွဲလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မူးယစ်းဆေး ဖြတ်ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်သူများသိရှိလာပြီး နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်နိုင်သည်အထိ စည်းရုံးဆောင်ရွက်နိုင်စေရန် အတွက်မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းအစည်းအေ၀းခန်းမတွင် Htoi Gender Development Foundation (ထွယ်ဖောင်ဒေးရှင်း)နှင့် Kachin State Women Network မှ တာ၀န်ရှိသူများနှင့် တွေ့ဆုံ၍ ကချင်ပြည်နယ် အတွင်းရှိအမျိုးသမီးများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင် ပါဝင်ရေး၊ အမျိုးသမီးများ၏လုံခြုံရေးနှင့်အခွင့်အရေး ရရှိရေး၊ IDP စခန်းများမှ အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ဒေသတွင်းအမျိုး သမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်လိုသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းရေးစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲများသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။