=================================================
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ~၁၀း၄၀) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာအုပ်စု၊ ကြူဆော့ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက သဘာဝဘေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးရှိကြောင်း သိရှိရပါသည်။