ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ယာယီခိုလံှုရေးစခန်းများသို့ သွားရောက်ထောက်ပံ့ပေးနေမှုသတင်း

13 Pic 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ဦးဆောင်သောအဖွဲ့သည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း ယာယီခိုလှုံရေးစခန်း (၆) ခုရှိ
အိမ်ခြေ (၃၉၉) အိမ်၊ အိမ်ထောင်စု (၃၉၉)၊ လူဦးရေစုစုပေါင်း (၁၉၄၆) ဦးအတွက် အနွေးထည် (၇၉၈) ထည်၊ စောင် (၃၉၉) ထည်၊ စုစုပေါင်းတန်ဖိုး (၂၅၃၉၅၀၀) ကျပ်အား သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ အဆိုပါထောက်ပံ့ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စခန်းတာဝန်ခံများနှင့် မြို့မိ/မြို့ဖများတက်ရောက်ခဲ့ကြပါသည်။ ထိုနောက် ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်ဦးဆောင်သောအဖွဲ့နှင့် တာဝန်ရှိသူများသည် ယာယီခိုလှုံရေးစခန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events