ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများ ဆောင်ရွက် ခဲ့ရာ (၀၈:၃၀) အချိန်တွင် အမှတ်(၅၂၈) ခြေမြန်တပ်ရင်းတွင် စစ်သည်ရဲမေ(၁၀၀)ဦးအားလည်းကောင်း၊ (၁၀း၃၀) အချိန်တွင် အမှတ်(၃၆၀)ခြေမြန်တပ်ရင်းတွင် စစ်သည်ရဲမေ (၅၀) ဦးအားလည်းကောင်း၊ (၁၂:၀၀)အချိန်တွင် အမှတ် (၄၃)ခြေလျင်တပ်ရင်းတွင် စစ်သည်ရဲမေ (၇၀) ဦးအားလည်းကောင်း၊ (၁၃:၃၀) အချိန်တွင် အမှတ် (၃၈၉) အမြောက် တပ်ရင်းတွင် စစ်သည်ရဲမေ(၈၀)ဦးအားလည်းကောင်း၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယမ်းကျေးရွာတွင် ပြည်သူလူထု (၇၀) ဦး၊ စုစုပေါင်း (၄၂၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များပြောကြားခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)