Category Archives: News
-
သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းဖွင့်လှစ်ေနမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Unicef (Myanmar) တို့ ပူးပေါင်းဖွင့်လှစ်သည့် သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအား (၁၀-၁၂-၂၀၁၇)ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းဆိုရှယ်စင်တာ၌ ကျင်းပခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန(ရုံးချုပ်)မှ ဒေါ်နီလာထွန်း(ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး Unicef (Myanmar)မှ ထောက်ပံ့ရေးအရာရှိ ဦးမျိုးတင့်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ဧရာ၀တီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊ Unicef (Myanmar)မှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သင်တန်းသား(၁၁)ဦး၊ ကျန်းမာရေးဦးစီးဌာနမှ သင်တန်းသား(၉)ဦး၊ ပညာရေးဦးစီးဌာနမှ … Read more
-
မသန်စွမ်းသူများအခွင့်အရေးအပြည့်အဝဖော်ဆောင်ရေး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဌဦးအောင်ကိုမြင့်နှင့် အဖွဲ့အား သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ ယနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံရာ မသန်စွမ်း သူများ၏ အခွင့်အရေးအပြည့်အဝဖော်ဆောင်ရး ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအားဖွဲ့စည်းပြီးဖြစ်၍ ပထမအကြိမ် အစည်းအဝေးကို ကျင်းပရန် ကြိုတင်ပြင်ဆင်ရေး၊ အမျိုးသားကော်မတီက နည်းဗျူဟာချမှတ်ဆောင်ရွက်ရေး၊ ရန်ပုံငွေ ထူထောင်စီမံခန့်ခွဲရေး၊ တိုင်းနှင့်ပြည်နယ်အသီးသီး၌ ကော်မတီများဖွဲ့စည်းဆောင်ရွက်ရေးနှင့် မသန်စွမ်း အဖွဲ့အစည်းများအနေနှင့် တာဝန်ယူဆောင်ရွက်ရမည်ကိစ္စများ သတ်မှတ်ရေး၊ လက်သင်္ကေတပြ ဘာသာစကားအတွက် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ်သည့် စွမ်းဆောင်ရည်မြှင့်တင်ပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေး … Read more
-
ကမ်းပါးပြိုဘေး ကြိုတင်ပြောင်းရွှေ့ ထောက်ပံ့ပေးနေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြိ့ုနယ၊် မာန်မြေကျေးရွာအုပ်စု မာန်မြေမြောက်စုကျေးရွာတွင် (၄.၁၂.၂၀၁၇) ရက်နေ့၌ ဧရာဝတီမြစ်ကမ်းပါးပြို၍ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၄)ဦး တို့ကို ကြိုတင်ရွှေ့ပြောင်းပေးခဲ့ရာ မကွေးတိုင်းဒေသကြီး(ကဆရ) ဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀ိ/-)၊ လူ (၁၄) ဦးတိ့ုအတွက် ဆန်ဖိုး (၇) ရက်စာ(၂၉၄၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့အား (၈.၁၂.၂၀၁၇) ရက်နေ့တွင် မြိ့ုနယ်ထွေအုပ်ရုံး၌ ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၁၂-၂၀၁၇)နေ့ (၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ သမီးလှအရှေ့ကျေးရွာ အ.မ.က ကျောင်း၌ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗလာစာအုပ်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး ဗီနိုင်းပိုစတာများအားပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/ ကျောင်းသူဦးရေ (၁၅၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကွင်းဘုန်းကြီးကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာ၌ (၅-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် Family Kit (၁) ပုံးနှင့် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၈-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၁၂-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မဟာအောင်တော်မူဘုရားဝင်းရှိ ချိုကြည်တန်ဆောင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အ.လ.က (၁)၊ အ.လ.က (၂) ၊ အ.လ.က ခွဲ (၈) ရပ်ကွက်၊ အ.လ.က ခွဲ အောင်သပြေကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၄၇) ဦးတက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်အတွက် လိုအပ်သည့်အကူအညီများပေးနိုင်ရန် Japan Youkou Sakura Friendship Association မှ Mr. Yasuraru Narizubu ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ ဌာနေညွန်ကြားရေးမှူး Ms. Ellen Goldstein တို့မှ ပြည်ထောင်စုဝန်ကြီးအား သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
၈-၁၂-၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွက် လိုအပ်သည့်အကူအညီများပေးနိုင်ရန် Japan Youkou Sakura Friendship Association မှ Mr. Yasuraru Narizubu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၇-၁၂-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံးမေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့်အတူ လက်ခံတွေ့ဆုံပါသည်။ ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွက် ယာယီအိမ်ရာသာမက အခြား လျှပ်စစ်နှင့်လမ်းတံတား အခြေခံအဆောက်အဦ ကဏ္ဍများတွင် ရင်းနှီးမြှပ်နှံမှုများ ရှိသည်ကို သိရှိရသဖြင့် ဝမ်းမြောက်မိပါကြောင်းနှင့် ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီ … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီး ကျေးရွာအုပ်စု၊ သောင်ကြီးအထက်ပိုင်းကျေးရွာ၌ (၇-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၅၂,၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၂,၅၀၀) ကျပ်တို့အား (၈-၁၂-၂၀၁၇)နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇)နေ့ (၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ တကူကျေးရွာ၌ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ အသိ ပညာပေးလက်ကမ်းစာစောင်များ၊ ဗလာစာအုပ်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး ဗီနိုင်း ပိုစတာ များအား ပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/ကျောင်းသူဦးရေ (၃၇၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စု၌ (၄-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ဘုန်းတော်ကြီးစာသင်ဆောင်နှင့် လူဦးရေ (၅၀) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၀၅,၀၀၀) ကျပ်၊ တစ်ယောက်အိပ်ခြင်ထောင် အထည် (၅၀)၊ စောင်အထည် (၅၀)နှင့် ဗလာစာအုပ်တို့အား (၇-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပြီး မီးဘေး၊ ငလျင်ဘေး ဗီနိုင်းပိုစတာများနှင့် မီးဘေးလက်ကမ်း စာစောင် များလည်း ပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) … Read more









