မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စု၌ (၄-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ဘုန်းတော်ကြီးစာသင်ဆောင်နှင့် လူဦးရေ (၅၀) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၀၅,၀၀၀) ကျပ်၊ တစ်ယောက်အိပ်ခြင်ထောင် အထည် (၅၀)၊ စောင်အထည် (၅၀)နှင့် ဗလာစာအုပ်တို့အား (၇-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပြီး မီးဘေး၊ ငလျင်ဘေး ဗီနိုင်းပိုစတာများနှင့် မီးဘေးလက်ကမ်း စာစောင် များလည်း ပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events