မသန်စွမ်းသူများအခွင့်အရေးအပြည့်အဝဖော်ဆောင်ရေး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဆွေးနွေး

8_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဌဦးအောင်ကိုမြင့်နှင့် အဖွဲ့အား သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ ယနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံရာ မသန်စွမ်း သူများ၏ အခွင့်အရေးအပြည့်အဝဖော်ဆောင်ရး ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအားဖွဲ့စည်းပြီးဖြစ်၍ ပထမအကြိမ် အစည်းအဝေးကို ကျင်းပရန် ကြိုတင်ပြင်ဆင်ရေး၊ အမျိုးသားကော်မတီက နည်းဗျူဟာချမှတ်ဆောင်ရွက်ရေး၊ ရန်ပုံငွေ ထူထောင်စီမံခန့်ခွဲရေး၊ တိုင်းနှင့်ပြည်နယ်အသီးသီး၌ ကော်မတီများဖွဲ့စည်းဆောင်ရွက်ရေးနှင့် မသန်စွမ်း အဖွဲ့အစည်းများအနေနှင့် တာဝန်ယူဆောင်ရွက်ရမည်ကိစ္စများ သတ်မှတ်ရေး၊ လက်သင်္ကေတပြ ဘာသာစကားအတွက် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ်သည့် စွမ်းဆောင်ရည်မြှင့်တင်ပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာရှိ ဘိုးဘွားများနှင့် တွေ့ဆုံပြီးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events