
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Unicef (Myanmar) တို့ ပူးပေါင်းဖွင့်လှစ်သည့် သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအား (၁၀-၁၂-၂၀၁၇)ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းဆိုရှယ်စင်တာ၌ ကျင်းပခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန(ရုံးချုပ်)မှ ဒေါ်နီလာထွန်း(ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး Unicef (Myanmar)မှ ထောက်ပံ့ရေးအရာရှိ ဦးမျိုးတင့်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ဧရာ၀တီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊ Unicef (Myanmar)မှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သင်တန်းသား(၁၁)ဦး၊ ကျန်းမာရေးဦးစီးဌာနမှ သင်တန်းသား(၉)ဦး၊ ပညာရေးဦးစီးဌာနမှ သင်တန်းသား(၉)ဦး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား(၉)ဦး၊ စုစုပေါင်း သင်တန်းသား(၃၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စုစုပေါင်း(၃)ရက်ကြာမြင့်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။