ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၁၂-၂၀၁၇)နေ့ (၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ သမီးလှအရှေ့ကျေးရွာ အ.မ.က ကျောင်း၌ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗလာစာအုပ်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး ဗီနိုင်းပိုစတာများအားပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/ ကျောင်းသူဦးရေ (၁၅၀) ဦးရှိကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)