ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇)နေ့ (၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ တကူကျေးရွာ၌ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ အသိ ပညာပေးလက်ကမ်းစာစောင်များ၊ ဗလာစာအုပ်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး ဗီနိုင်း ပိုစတာ များအား ပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/ကျောင်းသူဦးရေ (၃၇၀) ဦးရှိကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)