Category Archives: News
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၇ )ရက်နေ့ မှ(၂၂-၁၂-၂၀၁၇) ရက်အထိ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၇/၂၀၁၇)အားသင်တန်းသား/သူ(၃၁)ဦး နှင့် ဌာနဆိုင်ရာ အရာထမ်း၊အမှုထမ်း (၂၀)ဦး စုစုပေါင်း (၅၁)ဦး ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၇) ရက်နေ့မှ (၂၂-၁၂-၂၀၁၇)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ အထက(၁)၊ အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၁၇)အား စေတနာ့ဝန်ထမ်းလူငယ် (၃၀)ဦးဖြင့် (၂၀-၁၂-၂၀၁၇) ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၁၆၂)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တပ်ကြီးကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၅၀)ဦးခန့်အားလည်းကောင်း၊ ဘနောကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၀၀) ဦးခန့်အား လည်းကောင်း ကျေးရွာအတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ တွေ့ကြုံခံစားခဲ့ရမှုများအား မေးမြန်းဆွေးနွေးအကြံပြုခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများဖြန့်ဝေခြင်း၊ ကျေးရွာအတွင်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများအား အတူတကွဆွေးနွေးခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အသိပညာပေးခြင်းများကိုဆောင်ရွက်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ/ ပိုစတာများနှင့် အမှတ်တရပစ္စည်းများပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
နေပြည်တော်၊ ၂၀-၁၂-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ အိန္ဒိယနိုင်ငံ၊ Foreign Secretary ဖြစ်သူ Dr. S. Jaishankar နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရတို့ အကြား ရခိုင်ပြည်နယ်တွင်နေထိုင်သော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးခြင်းများ၊ ထောက်ပံ့မှု၏ အရေးပါမှုများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး မြှင့်တင် ခြင်းများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ရေးထိုးမည့် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ရေလဲကြီး ကျေးရွာ၌ (၁၇-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃)ဦးအတွက် Unicef Family Kit (၂၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၆၃၀၀)ကျပ် စုစုပေါင်း (၁၀၆,၃၀၀)ကျပ်တို့အား (၂၀-၁၂-၂၀၁၇)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျေးလက်အိမ်ပုံစံနမူနာနှင့် နေ့ကလေးထိန်းဌာနတို့အား ကြည့်ရှုစစ်ဆေးမှုသတင်း
နေပြည်တော်၊ ဒီဇင်ဘာ (၁၉) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်း မည့် ကျေးလက်အိမ်ပုံစံနမူနာနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်ထားသည့် နေ့ကလေးထိန်း ဌာနတို့ကို ကြည့်ရှုစစ်ဆေးသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၃နာရီ ၁၀ မိနစ်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ရောက်ရှိပြီး ဝန်ကြီးဌာနရုံးဝန်းအတွင်း နမူနာပုံစံအဖြစ် ဆောက်လုပ်ပြသထားသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာ၌ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းမည့် ကျေးလက်အိမ်ပုံစံကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် … Read more
-
UEHRD၏လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးတို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
၁၉.၁၂.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi ဦးဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး ကိုယ်စားလှယ်မစ္စတာစွန်းဂေါ်ရှန်း ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Tateshi Higuchi ဦးဆောင်သောအဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံ ခဲ့ပါသည်။ UNICEF မှ ဌာနေကိုယ်စားလှယ် Ms.June Kunugi ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် UNICEF … Read more
-
UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း
၁၉.၁၂.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီများအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်မြန်မာနိုင်ငံသားဟောင်းများက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၇၆၆)၊ တောင် အာဖရိကရောက် မြန်မာနိုင်ငံသားများက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၂၁၆၅)၊ ဒေါက်တာဝင်းနိုင်နှင့် ဇနီးဒေါ်ဝေဝေအေး (စင်္ကာပူနိုင်ငံ)က လှူဒါန်းငွေ စင်္ကာပူဒေါ်လာ (၃၀၀) တို့ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး … Read more
-
ရှေးဦးအရွယ် ကလေးသူငယ်များအတွက် မိခင်ဝိုင်းများဖွင့်လှစ်ခြင်းဖြင့် ရင်းနှီးမှုပြုရေး မိခင်များနှင့် ဆွေးနွေးမှုသတင်း
နေပြည်တော်၊ ၁၈-၁၂-၂၀၁၇ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောရင်းနှီးမြှုပ်နှံမှုတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တစ်ခုအပါအဝင်ဖြစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဌာနသည် ကလေးတစ်ဦးချင်းစီ၏ အခွင့် အရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများ၊ မဟာဗျူဟာ လုပ်ငန်းအစီအစဉ်များချမှတ်လျက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျူတောဝကျေးရွာသို့သွားရောက်ပြီး ရပ်ရွာပြည်သူလူထုနှင့်တွေ့ဆုံကာ မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ရပ်ရွာလူထုနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် … Read more
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ရေဘေးဇာတ်တိုက်လေ့ကျင့် လှုပ်ရှားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ (၁၇-၁၂-၂၀၁၇) ရက်နေ့က ကော့သောင်းမြို့၊ အောင်ဘာကျေးရွာတွင် ရပ်ရွာနေပြည်သူများပါဝင်၍ ရေဘေးကြုံတွေ့ရပါက ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေနစ်သူများအား ကယ်ဆယ်ပြီးပါက ရှေးဦးသူနာပြုစုနည်းများ၊ ရေဘေးဇာတ်တိုက်လေ့ကျင့်လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။









