ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၇) ရက်နေ့မှ (၂၂-၁၂-၂၀၁၇)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ အထက(၁)၊ အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၁၇)အား စေတနာ့ဝန်ထမ်းလူငယ် (၃၀)ဦးဖြင့် (၂၀-၁၂-၂၀၁၇) ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၁၆၂)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။