ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တပ်ကြီးကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၅၀)ဦးခန့်အားလည်းကောင်း၊ ဘနောကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၀၀) ဦးခန့်အား လည်းကောင်း ကျေးရွာအတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ တွေ့ကြုံခံစားခဲ့ရမှုများအား မေးမြန်းဆွေးနွေးအကြံပြုခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများဖြန့်ဝေခြင်း၊ ကျေးရွာအတွင်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများအား အတူတကွဆွေးနွေးခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အသိပညာပေးခြင်းများကိုဆောင်ရွက်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ/ ပိုစတာများနှင့် အမှတ်တရပစ္စည်းများပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။