နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျေးလက်အိမ်ပုံစံနမူနာနှင့် နေ့ကလေးထိန်းဌာနတို့အား ကြည့်ရှုစစ်ဆေးမှုသတင်း

20_Pic_11 20_Pic_10 20_Pic_09 20_Pic_08 20_Pic_07 20_Pic_05 20_Pic_04 20_Pic_0320_Pic_06

နေပြည်တော်၊ ဒီဇင်ဘာ (၁၉)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်း မည့် ကျေးလက်အိမ်ပုံစံနမူနာနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်ထားသည့် နေ့ကလေးထိန်း ဌာနတို့ကို ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၃နာရီ ၁၀ မိနစ်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ရောက်ရှိပြီး ဝန်ကြီးဌာနရုံးဝန်းအတွင်း နမူနာပုံစံအဖြစ် ဆောက်လုပ်ပြသထားသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာ၌ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းမည့် ကျေးလက်အိမ်ပုံစံကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် Seven King Construction Co. Ltd Managing Director ဦးမျိုးကိုကိုတို့က ကျေးလက်အိမ်ဆိုင်ရာ  အချက်အလက်များနှင့်ဒေသနှင့်ကိုက်ညီမှုတို့ကို ရှင်းလင်းတင်ပြ ကြသည်။

အဆိုပါ ကျေးလက်အိမ်သည် အလျား ပေ ၄၀၊ အနံ ပေ ၆၀ ခြံဝန်းအတွင်း တည်ဆောက်မည်ဖြစ်ပြီး အလျား ၁၈ပေနှင့် အနံ ၂၈ ပေရှိကာ သွပ်မိုး၊ ကွန်ကရစ် ကျောက်ပြားအကာနှင့် သစ်ခင်းအဆောက်အဦ အမျိုးအစားဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဝန်းအတွင်း ဖွင့်လှစ်ထားသည့် မေမေ့ရင်ခွင် နေ့ကလေးထိန်းဌာနသို့ ရောက်ရှိပြီး သုံးနှစ်အောက်ကလေးငယ်များအား အသက်အရွယ်အလိုက် ပြုစုစောင့်ရှောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသ ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေ့ကလေးထိန်းဌာန ကစားကွင်းငယ်သို့ ရောက်ရှိပြီး ကလေးငယ်များ၏ ဆော့ကစားလှုပ်ရှားနေမှုများကို ကြည့်ရှုခဲ့ပါသည်။ အဆိုပါ နေ့ကလေးထိန်းဌာနတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းရုံးများမှ နိုင်ငံ့ဝန်ထမ်းများ၏ သားငယ်၊ သမီးငယ်များကို ရုံးချိန်အတွင်း လက်ခံပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events