UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း

၁၉.၁၂.၂၀၁၇၊ နေပြည်တော်

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီများအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်မြန်မာနိုင်ငံသားဟောင်းများက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၇၆၆)၊ တောင် အာဖရိကရောက် မြန်မာနိုင်ငံသားများက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၂၁၆၅)၊ ဒေါက်တာဝင်းနိုင်နှင့် ဇနီးဒေါ်ဝေဝေအေး (စင်္ကာပူနိုင်ငံ)က လှူဒါန်းငွေ စင်္ကာပူဒေါ်လာ (၃၀၀) တို့ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့  လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events