Category Archives: News
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီ အချိန် ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။
-
ကသာမြို့အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့ အမှတ် (၉) ရပ်ကွက်တွင် (၂၄-၁၂-၂၀၁၇)ရက်နေ့၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၄,၂၀၀) ကျပ်နှင့်Family kits (၁) ပုံးတို့ကို (၂၄-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟိုပုံးမြို့အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်၊ နယ်မြေ (၄)မှ မီးဘေးသင့် အိမ်ထောင်စု(၁) စု၊ လူဦးရေ( ၂) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး( ၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး-( ၄၆,၁၅၃) ကျပ်၊ စုစုပေါင်း ( ၁၅၀,၃၅၃) ကျပ်တို့အား (၂၄-၁၂-၂၀၁၇) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်
(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် အမှတ်စဉ် (၁၀/၂၀၁၇) (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီ အချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “တမ်ဘင်” (Tembin)သည် ဗီယက်နမ်ကမ်းခြေကို (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဖြတ်ကျော်ဝင်ရောက်ပြီး၊ လေပွေလှိုင်းများအဖြစ် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါလေပွေလှိုင်းများ၏ အရှိန် ကြောင့် (၂၆-၁၂-၂၀၁၇) ရက်နေ့မှ (၂၈-၁၂-၂၀၁၇) ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် … Read more
-
မူကြိုကျောင်းလက်လှမ်းမမီသောကလေးများအတွက် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး မိခင်ဝိုင်းများဖွင့်လှစ်ပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကွင်းဆင်းဆောင်ရွက်မှု သတင်း
၂၃-၁၂-၂၀၁၇၊ ရန်ကုန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကလေးတစ်ဦး ချင်းစီ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုဥပဒေ၊နည်းဥပဒေများ၊ မူဝါဒများ၊ မဟာဗျူဟာ လုပ်ငန်း အစီအစဉ်များချမှတ်လျက် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောရင်းနှီးမြှုပ်နှံမှု အနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကန်ဘဲ့စံပြ ကျေးရွာသို့ သွားရောက်ပြီးရပ်ရွာလူထုနှင့်တွေ့ဆုံကာ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး မိခင်ဝိုင်းများ ဖွင့်လှစ်ပေးနိုင်ရန် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ရပ်ရွာလူထုနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် … Read more
-
ဟင်္သာတမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စု တာငုတ်ကျေးရွာတွင် (၁၉-၁၂-၂၀၁၇)၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၉) စု၊ လူဦးရေ (၂၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး -(၉) အိမ်ထောင်စာ (၇၃,၁၇၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး(၆၀,၉၀၀)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၁,၀၃၄,၀၇၀)ကျပ် တိတိကို (၂၂-၁၂-၂၀၁၇)ရက်နေ့တွင် ဟင်္သာတ ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပန်းတောင်းမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ စွယ်တော်အုပ်စု၊ စွယ်တော်ကျေးရွာ၌ (၂၂-၁၂-၂၀၁၇) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀)၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀)၊ စုစုပေါင်း ထောက်ပံ့ ငွေ(၄၂၁,၀၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္ထူပုံးအပါ (၂) ပုံး ၊Family Kits (၂) ပုံးတို့အား (၂၃-၁၂-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှဝန်ထမ်းများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ချောင်းဆုံမြို့နယ်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၂၂-၁၂-၂၀၁၇) ရက်နေ့၊(၁၀:၀၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ မရမ်းကျေးရွာ၌ကျေးရွာနေပြည်သူ (၂၀၀) ဦးအားလည်းကောင်း၊ (၁၁:၀၀)အချိန်တွင် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ၌ ကျေးရွာနေပြည်သူ(၂၀၀) ဦးအားလည်းကောင်း သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာအုပ်စု၊ ရေလယ်သောင်လေးကျေးရွာတွင် (၈-၁၂-၂၀၁၇)၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၄)စု၊ လူဦးရေ(၂၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး – (၄) အိမ် ထောင်စာ (၃၂၅၂၀)၊ အိမ်ဆောက်ပစ္စည်း ဖိုး(၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး(၄၄,၁၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေး ထောက်ပံ့ရန်ပုံငွေ (၄၇၆,၆၂၀) ကျပ်တိတိကို (၂၂-၁၂-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူ များသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေများ၊ အပူချိန်ကျဆင်းနေမှုများနှင့် စပ်လျဉ်း၍ ကွင်းဆင်းကြီးကြပ်စစ်ဆေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများသည် (၂၂.၁၂.၂၀၁၇) ရက်နေ့၊ ညနေ (၃း၃၀)နာရီအချိန်တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC) သို့ လာရောက်၍ မြန်မာနိုင်ငံတစ်ဝှမ်း လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေများ၊ လေဖိအားနည်းရပ်ဝန်းအခြေအနေများ၊ ငလျှင်အခြေအနေများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ အပူချိန်ကျဆင်းနေမှုများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ပါက အချိန်နှင့်တပြေးညီဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။









