Category Archives: News
-
မီးဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်းကျေးရွာအုပ်စု၊ ကြက်ဆူကျင်းကျေးရွာတွင် (၂၅-၁၂-၂၀၁၇)ရက်နေ့ ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀/-)ကျပ်နှင့် (၂၃-၁၂-၂၀၁၇)ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်၊ စိတ္တသုခရပ်၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀/-)ကျပ်တို့အား (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ … Read more
-
မင်းပြားမြို့နယ် ခေါင်းလောင်းကျေးရွာနှင့် စွန်ရဲကျေးရွာတို့၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ~၁၁းဝဝ) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို မင်းပြားမြို့နယ် ခေါင်းလောင်းကျေးရွာ သစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျောင်းသူ/သားနှင့် ကျေးရွာနေပြည်သူ (၁၄၈) ဦးတို့ကိုလည်းကောင်း၊ နေ့လယ် (၁၂းဝဝ~၁၅းဝဝ) နာရီအချိန်တွင် မင်းပြားမြို့နယ် စွန်ရဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းသား/သူနှင့် ကျေးရွာနေပြည်သူ (၁၂၅) ဦးတို့ကိုလည်းကောင်း သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခြင်း၊ ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၆/ ၂၀၁၇ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
၁။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၆/၂၀၁၇ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၂၆)ရက်နေ့ (၁၄:၀၀)နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းအစည်းအဝေးများကျင်းပ၍ လုပ်ငန်းများဆောင်ရွက်နေသည်မှာ ယခုအကြိမ်အပါအဝင် (၆) ကြိမ်ရှိနေပြီဖြစ်ပါကြောင်း၊ အစီရင်ခံစာ၏ အကြံပြုဖော်ပြချက်များသည် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အဓိကထား၍ … Read more
-
ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်းအစီအစဥ် (Maternal and Child Cash Transfer – MCCT Program) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
================================================= ၂၆-၁၂-၂၀၁၇ နေပြည်တော်———— လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ၏ အာဟာရအညွှန်းကိန်းများ မြင့်မား တိုးတက်လာစေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ဥာဏ်ရည်မြင့်မားသော အနာဂတ်မျိုးဆက်သစ် သားကောင်းရတနာလေးများအား မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသားလူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ပါ Maternal and Child Cash Transfer Program ကို မြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသော စစ်တမ်းအချက်အလက်များအရ အဓိကဆောင်ရွက်ရန် လိုအပ်လျက်ရှိသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ အဆိုပါအစီအစဥ်အား အာဟာရအညွှန်းကိန်းဒုတိယအနိမ့်ကျဆုံးြဖစ်သည့် ရခိုင်ပြည်နယ်တွင် အောင်မြင်စွာ … Read more
-
ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းသည့် အိမ်ထောင်စု ၁ စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၂၁-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းသည့် နေအိမ် ၁ လုံး အိမ်ထောင်စု ၁ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ ၁၀၀,၀၀၀ ကျပ်၊ စုစုပေါင်းလူဦးရေ ၂ ဦးအတွက် ဆန်ရိက္ခာ ရ ရက်စာရန်ပုံငွေ ၄၂၀၀ ကျပ် စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ ၁၀၄,၂၀၀ ကျပ်တိတိအား (၂၆-၁၂-၂၀၁၇) ရက်နေ့တွင် … Read more
-
ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာအုပ်စု၊ အလဝံကုန်းကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာအုပ်စု၊ အလဝံကုန်းကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်း၌ ကျေးရွာနေပြည်သူပေါင်း (၁၅၀) ဦးအား သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက တက်ရောက်လာသူများထံ ဗလာစာအုပ်နှင့် ဘောလ်ပင်များ ဖြန့်ဝေပေးခဲ့ပြီး မီးဘေး ရေဘေး မုန်တိုင်းဘေး မိုးကြိုးဘေး ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များနှင့် ဗီနိုင်း ပိုစတာများကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဒုတိယဝန်ကြီး ဦးစိုးအောင် တောင်ငူမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ပြုလုပ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သို့ သွားရောက်ကြည့်ရှုအားပေးမှုသတင်း
================================================= ၂၆-၁၂-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် (၂၄-၁၂-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့ သွားရောက်ပြီး ကျေးလက််ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်း ဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနိုင်းပေးခဲ့ပါသည်။ ထို့အပြင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော မိခင်ဝိုင်းများ အကြောင်းကိုလည်း သင်တန်းသူများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ (၄၀) ဦး တက်ရောက်လျက်ရှိပြီး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ ရွှေကူစုကျေးရွာ၌ (၂၀-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀) ကျပ်၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၅,၂၀၀) ကျပ်တို့အား (၂၅-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မတူညီသောအသိုင်းအဝိုင်းနှစ်ခုကြား ရှင်းလင်းပြတ်သားသော သတင်းအချက်အလက်များ ရောက်ရှိရေးသည် လူမှုသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
၂၅.၁၂.၂၀၁၇၊ ရန်ကုန် ပြဿနာဖြစ်ပွားနေသည့် လူမှုအသိုင်းအဝိုင်းတွင် လူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက်ခြင်း ဆိုင်ရာ ဒုတိယအကြိမ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ရာ UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ပဋိပက္ခဖြစ်ပွားမှုများရှိပြီး ခြိမ်းခြောက်မှုများ ရှိလာပါကြောင်း၊ မိမိတို့နိုင်ငံသည် မတူကွဲပြားမှုများရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ထိုမတူကွဲပြားမှုများကိုစုစည်းပြီး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံအဖြစ်တည်ရှိနေပါကြောင်း၊ ပြဿနာများကိုဖြေရှင်းရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပါက အချင်းချင်းသဟဇာတဖြစ်ပြီး အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ … Read more
-
သေချာသောအကျိုးအမြတ်ရရှိမည့် ရင်းနှီးမြှုပ်နှံအဖြစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးပူးပေါင်းဆောင်ရွက်ရန် ပြည်သူများ နှင့် တွေ့ဆုံမှုသတင်း
၂၄.၁၂.၂၀၁၇ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လွှတ််တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ဆန္ဒနှင့်လိုအပ်ချက်များကို လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော်အတွင်းအဆိုပြုတင်ပြချက်များ၊ ဝန်ကြီးဌာနများသို့ တိုက်ရိုက် အသိပေးညှိနှိုင်းမှုများကို သက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့်ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ချမှတ်ထားသောဥပဒေစည်းမျဉ်းစည်းကမ်းများကိုလိုက်နာလျက် ကျင့်ဝတ်များကို လည်း ထိန်းသိမ်းစောင့်ရှောက်ဆောင်ရွက်ရပါကြောင်း၊ အစိုးရလွှတ်တော် ပူးပေါင်းဆောင်ရွက်မှု အပြင် ပြည်သူများ၏ ပါဝင်မှုကဏ္ဍသည် အဓိကဖြစ်ပါကြောင်း၊ … Read more









