မင်းပြားမြို့နယ် ခေါင်းလောင်းကျေးရွာနှင့် စွန်ရဲကျေးရွာတို့၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

27_Pic01

27_Pic02

27_Pic03

27_pic04

=================================================
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ~၁၁းဝဝ) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို မင်းပြားမြို့နယ် ခေါင်းလောင်းကျေးရွာ သစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျောင်းသူ/သားနှင့် ကျေးရွာနေပြည်သူ (၁၄၈) ဦးတို့ကိုလည်းကောင်း၊ နေ့လယ် (၁၂းဝဝ~၁၅းဝဝ) နာရီအချိန်တွင် မင်းပြားမြို့နယ် စွန်ရဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းသား/သူနှင့် ကျေးရွာနေပြည်သူ (၁၂၅) ဦးတို့ကိုလည်းကောင်း သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခြင်း၊ ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့်ဗွီဒီယိုမှတ်တမ်းများပြသခြင်းနှင့် ပေါင်မုန့်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events