
=================================================
၂၆-၁၂-၂၀၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် (၂၄-၁၂-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့ သွားရောက်ပြီး ကျေးလက််ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်း ဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနိုင်းပေးခဲ့ပါသည်။ ထို့အပြင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော မိခင်ဝိုင်းများ အကြောင်းကိုလည်း သင်တန်းသူများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ (၄၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၁)လ ဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ထူးချွန် သင်တန်းသူများအား သင်တန်းပြီးဆုံးချိန်တွင် အပ်ချုပ်စက်များချီးမြှင့်ပေးသွားရန်နှင့် သင်တန်းပြီးမြောက်သူများကိုယ်ပိုင် ချုပ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။