Category Archives: News
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ ကျောက်မဲမြို့နယ်၊ မိုင်းတင်း အ.ထ.က(ခွဲ) ကျောင်းတွင် ကျောင်းသား/သူ အင်အား (၂၀၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မီးဘေး အစရှိသည့် ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းနှင့် ဘေး (၆) … Read more
-
ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၂၂-၁-၂၀၁၈) ရက်နေ့တွင် ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၆) လုံးပျက်စီးခဲ့ပြီး လူဦးရေ (၂၇) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀၀၀၀၀) ကျပ် လူနေအိမ် (၆) လုံးစာ၊ Family Kit (၆) ထုပ်နှင့် ဆန်ဖိုးငွေ … Read more
-
လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၂၃-၁-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းရှိ ဘေးသင့်အိမ်ထောင်စု (၁၀၀၇) စု လူဦးရေ (၅၅၉၆) ဦးတို့အတွက် (၂၅၃၄၂၉၀၀ိ/-) တန်ဖိုးရှိ ဆန် (၆၀၀) အိတ်၊ ဆီတစ်လီတာဘူး (၁၀၀၇) ဘူး၊ ကြက်သွန်နီ (၆၀၀) ပိဿာ၊ အာလူး (၆၀၀) ပိဿာ၊ အသားတု (၆၀၀) ပိဿာ၊ ပဲဝါခြမ်း (၆၀၀) ပိဿာ၊ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ပုန်မူကျေးရွာ ညောင်ရွှေမြို့နယ်တွင် အင်အား (၁၅၀)ခန့်အား လည်းကောင်း ညနေပိုင်းတွင် ရေပူကျေးရွာ ညောင်ရွှေမြို့နယ်၌ အင်အား (၁၅၀)ခန့်အား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း၊ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်း ပိုစတာပေးအပ်ခြင်းနှင့် အသိပညာပေးမှတ်တမ်းဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ဒိုက်ဦးမြို့နယ် စက်ကွင်းရပ်ကွက်၊ သီရိမင်္ဂလာ ပရိယတ္တိစာသင်တိုက်တွင် ရပ်ကွက်သူ/ရပ်ကွက်သား (၁၅၀) ဦးအားလည်းကောင်း၊ (၁၅:၀၀)နာရီအချိန်တွင် ဖအောင်ဝဲရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်သူ/ရပ်ကွက်သား (၁၅၀) ဦးအားလည်းကောင်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်မှုလျော့ပါးသက်သာစေရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ် ခြင်း၊ အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကျိုင်းတုံမြို့နယ်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့၊ (၁၄းဝဝ~၁၅း၃၀) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ ငလျင်လှုပ်ခတ်စဉ် နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြ လိုက်လုပ်စေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ (၄၃၀) ဦးရှိကြောင်း သိရှိရပါသည်။
-
မကွေးမြို့နယ်၊ ကန်သစ်ကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့တွင် မကွေးမြို့နယ်၊ ကန်သစ်ကျေးရွာ၌ ငလျင်ဘေးနှင့်သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များ ဝေငှခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့တွင် ညောင်တုန်းမြို့နယ် မြမ္မာပြသာကျေးရွာအုပ်စု ရွာသာကြီး(အရှေ့သောင်)ကျေးရွာမှ ပြည်သူလူထု (၁၀၀) ဦးခန့်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအားရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ မုန့်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိသွားသူများ ပြန်လည် လက်ခံရေးအတွက် အဆင်သင့်ဖြစ်မှုအခြေအနေ
================================================= ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ်အရ တစ်ဖက်နိုင်ငံသို့ ထွက်သွားသူများအား စနစ်တကျ စိစစ်လက်ခံရေးလုပ်ငန်းများကို မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိရာ (၂၃-၁-၂၀၁၈) နေ့တွင် ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။ ကုန်းလမ်းဖြင့် ပြန်လည်၀င်ရောက်လာသူများအား တောင်ပြိုလက်၀ဲလက်ခံရေးစခန်းတွင် လည်းကောင်း၊ ရေလမ်းဖြင့် ပြန်လည်၀င်ရောက်လာသူများအား ငါးခူရလက်ခံရေးစခန်းတွင် လည်းကောင်း ပြန်လည်လက်ခံမည်ဖြစ်ပါသည်။ ထိုသို့လက်ခံရာတွင် သဘောတူစာချုပ်အရ ကနဦးအနေဖြင့် စခန်းတစ်ခု၌ တစ်ရက်လျှင် လူဦးရေ (၁၅၀) ဦးစီဖြင့် စခန်း(၂)ခုအတွက် တစ်ရက်လျှင် စုစုပေါင်း (၃၀၀) ဦးလက်ခံမည်ဖြစ်ပြီး တစ်ပတ်လှျင် (၅) ရက်လက်ခံသွားမည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ပြန်လည်လက်ခံမည့် … Read more
-
NV Card ကိုင်ဆောင်သူများအခွင့်အရေး အပြည့်အဝ ရရှိစေရေးဖော်ဆောင်ပေးရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
၂၂-၁-၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းရှိ NV Card ကိုင်ဆောင်ထားသူများ ရရှိသင့်သည့် အကျိုးများရရှိနိုင်ရန် အတွက် ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို (၂၂-၁-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် NV Card ကိုင်ဆောင်ထားသူများရရှိနိုင်သည့် အကျိုး(၈)ခု ရှိကြောင်း၊ ထိုအကျိုးများအမှန်တကယ်ရရှိနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ညီညွတ်စွာ သွားလာခွင့်ပြုရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပဋိပက္ခမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ NV Card ကိုင်ဆောင်ထားပြီး … Read more









