ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိသွားသူများ ပြန်လည် လက်ခံရေးအတွက် အဆင်သင့်ဖြစ်မှုအခြေအနေ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29
=================================================

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ်အရ တစ်ဖက်နိုင်ငံသို့ ထွက်သွားသူများအား စနစ်တကျ စိစစ်လက်ခံရေးလုပ်ငန်းများကို မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိရာ (၂၃-၁-၂၀၁၈) နေ့တွင် ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။

ကုန်းလမ်းဖြင့် ပြန်လည်၀င်ရောက်လာသူများအား တောင်ပြိုလက်၀ဲလက်ခံရေးစခန်းတွင် လည်းကောင်း၊ ရေလမ်းဖြင့် ပြန်လည်၀င်ရောက်လာသူများအား ငါးခူရလက်ခံရေးစခန်းတွင် လည်းကောင်း ပြန်လည်လက်ခံမည်ဖြစ်ပါသည်။

ထိုသို့လက်ခံရာတွင် သဘောတူစာချုပ်အရ ကနဦးအနေဖြင့် စခန်းတစ်ခု၌ တစ်ရက်လျှင် လူဦးရေ (၁၅၀) ဦးစီဖြင့် စခန်း(၂)ခုအတွက် တစ်ရက်လျှင် စုစုပေါင်း (၃၀၀) ဦးလက်ခံမည်ဖြစ်ပြီး တစ်ပတ်လှျင် (၅) ရက်လက်ခံသွားမည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ပြန်လည်လက်ခံမည့် လူဦးရေအား နှစ်နိုင်ငံ ထပ်မံညှိနှိုင်းသွားမည်ဖြစ်ပါသည်။

လက်ခံရေးလုပ်ငန်းများ ကဏ္ဍအလိုက် စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ၀န်ထမ်းများ လက်ခံရေးစခန်းများသို့ ရောက်ရှိတာ၀န်ထမ်းဆောင်နေပြီဖြစ်ပါသည်။

Sign Up

Upcoming Events