=================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့၊ (၁၄းဝဝ~၁၅း၃၀) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ ငလျင်လှုပ်ခတ်စဉ် နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြ လိုက်လုပ်စေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ (၄၃၀) ဦးရှိကြောင်း သိရှိရပါသည်။