ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ပုန်မူကျေးရွာ ညောင်ရွှေမြို့နယ်တွင် အင်အား (၁၅၀)ခန့်အား လည်းကောင်း ညနေပိုင်းတွင် ရေပူကျေးရွာ ညောင်ရွှေမြို့နယ်၌ အင်အား (၁၅၀)ခန့်အား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း၊ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်း ပိုစတာပေးအပ်ခြင်းနှင့် အသိပညာပေးမှတ်တမ်းဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)