=================================================
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
=================================================
(၂၂-၁-၂၀၁၈) ရက်နေ့တွင် ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၆) လုံးပျက်စီးခဲ့ပြီး လူဦးရေ (၂၇) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀၀၀၀၀) ကျပ် လူနေအိမ် (၆) လုံးစာ၊ Family Kit (၆) ထုပ်နှင့် ဆန်ဖိုးငွေ (၅၆၇၀၀) ကျပ်တိတိအား ထောက်ပံ့ခဲ့ကြောင် သိရှိရပါသည်။