=================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
=================================================
(၂၃-၁-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းရှိ ဘေးသင့်အိမ်ထောင်စု (၁၀၀၇) စု လူဦးရေ (၅၅၉၆) ဦးတို့အတွက် (၂၅၃၄၂၉၀၀ိ/-) တန်ဖိုးရှိ ဆန် (၆၀၀) အိတ်၊ ဆီတစ်လီတာဘူး (၁၀၀၇) ဘူး၊ ကြက်သွန်နီ (၆၀၀) ပိဿာ၊ အာလူး (၆၀၀) ပိဿာ၊ အသားတု (၆၀၀) ပိဿာ၊ ပဲဝါခြမ်း (၆၀၀) ပိဿာ၊ ငြုပ်သီးခြောက်တောင့် (၁၅၀) ပိဿာ၊ အချိုမှုန့်ပေါင်ထုပ် (၆၀) ထုပ်၊ ဆား (၂၀၁၄) ထုပ်တို့အား ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့်အတူ ပြည်နယ်ဦးစီးမှူး (ကဆရ) တို့ သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။