သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ဒိုက်ဦးမြို့နယ် စက်ကွင်းရပ်ကွက်၊ သီရိမင်္ဂလာ ပရိယတ္တိစာသင်တိုက်တွင် ရပ်ကွက်သူ/ရပ်ကွက်သား (၁၅၀) ဦးအားလည်းကောင်း၊ (၁၅:၀၀)နာရီအချိန်တွင် ဖအောင်ဝဲရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်သူ/ရပ်ကွက်သား (၁၅၀) ဦးအားလည်းကောင်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်မှုလျော့ပါးသက်သာစေရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ် ခြင်း၊ အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events