Category Archives: News
-
ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၅-၁-၂၀၁၈)ရက်နေ့တွင် လပွတ္တာ၊ (၃)မိုင်မြို့သစ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ နည်းပညာကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးခန့်အား ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ရေလဲကြီးကျေးရွာတွင် (၂၃-၁-၂၀၁၈)ရက် နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းသည့် နေအိမ် (၂)လုံး အိမ်ထောင်စု (၂)စု လူဦးရေ (၁၄)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၂၉၄၀၀/-) စုစုပေါင်း ရန်ပုံငွေ (၂၂၉၄၀၀/-)ကျပ်တို့အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၅-၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု ချောင်းကြီးကျေးရွာတွင် (၂၃-၁-၂၀၁၈) ရက်နေ့၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းသည့် နေအိမ် (၃)လုံး အိမ်ထောင်စု (၃)စု လူဦးရေ (၁၃)ဦးအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၀)မျိုး စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၂၇၃၀၀/-)ကျပ် စုစုပေါင်း ရန်ပုံငွေ(၃၂၇၃၀၀/-)ကျပ်တို့အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၅-၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူထံ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မအူပင်မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု၊ တာတပေါကျေးရွာ၌ မီးဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦး၏ မိသားစုဝင်ထံ ထောက်ပံံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု၊ တာတပေါကျေးရွာ၌ မီးဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃) သိန်းအား (၂၅-၁-၂၀၁၈) ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ၏ မိသားစုဝင်ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲများကို (၂၅-၁-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် တောင်ပို့ကြီး ကျေးရွာ ညောင်ရွှေမြို့နယ်၌ ပြုလုပ်ရာ အင်အား (၈၀)ခန့်အားလည်းကောင်း၊ ညနေပိုင်းတွင် ခေါင်တိုင်ကျေးရွာအုပ်စု ညောင်ရွှေမြို့ နယ်၌ ပြုလုပ်ရာ အင်အား (၅၀)ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းများဖြင့် အသိပညာဗဟုသုတပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ပြည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီ်ခရိုင်၊ လက်ပံတန်းမြို့နယ်၊ သာရဝေါ ကျေးရွာအုပ်စု၊ ကုလားချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၃၃၆၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ကတ္ထူပုံးအပါ (၅)ပုံး တန်ဖိုးငွေ(၁၁၀၃၃၀/-)ကျပ်၊ Family Kits (၅)ပုံးတို့အား (၂၅-၁-၂၀၁၈)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ ကျေးရွာနေ ပြည်သူ/သား (၃၅၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ပြည်သူသို့ထုတ်ပြန်ရမည့် (၄)လ (၁)ကြိမ် အစီရင်ခံစာပြုစုရေးသားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
၂၄-၁-၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ပြည်သူသို့ထုတ်ပြန်ရမည့် (၄)လ (၁)ကြိမ် အစီရင်ခံစာပြုစုရေးသားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၄-၁-၂၀၁၈) ရက်နေ့၊ နေ့လည်(၁)နာရီ တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၊ ဒုတိယဥက္ကဌဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ကော်မတီဝင်ဝန်ကြီးဌာနများမှ … Read more
-
နွာထိုးကြီးမြို့နယ်တွင်းရေရှားပါးသည့်ဒေသများသို့ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈)ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ နဘဲသာကျေးရွာ၌ ကာလကြာရှည်စွာ သုံးစွဲလျက်ရှိနေသည့် (၉)ဧက ကျယ်ဝန်းသော ရေကန်ကြီးအား ရေယိုစိမ့်မူအခြေနေကြည့်ရှုရန်အတွက် နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချူပ် ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အပိုင်းက အဆင်သင့်ပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တွေ့ဆုံမေးမြန်းထားမှုသတင်း
================================================= နေပြည်တော် ဇန်နဝါရီ ၂၄——————-ရခိုင်ပြည်နယ် မောင်တောဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ တောင်ပြိုလက်ဝဲ စိစစ်ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရစိစစ်ပြန်လည်လက်ခံရေးစခန်းနှင့် ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့တွင် အဆင်သင့်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် ဝန်ထမ်းများအသင့်ရောက်ရှိနေမှုအခြေအနေများကို ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏အကြံပေးအဖွဲ့မှအဖွဲ့ဝင်များ၊ အတွင်းရေးမှူးရုံးဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များ ပါဝင်သောအဖွဲ့သည် ဇန်နဝါရီ ၂၄ ရက်တွင် သွားရောက်ကြည့်ရှုလေ့လာကြသည်။ ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အပိုင်းက အဆင်သင့်ပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တွေ့ဆုံမေးမြန်းထားသည် – မေး။ အခုဆိုရင် … Read more









