=================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု၊ တာတပေါကျေးရွာ၌ မီးဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃) သိန်းအား (၂၅-၁-၂၀၁၈) ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ၏ မိသားစုဝင်ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။