လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲများကို (၂၅-၁-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် တောင်ပို့ကြီး ကျေးရွာ ညောင်ရွှေမြို့နယ်၌ ပြုလုပ်ရာ အင်အား (၈၀)ခန့်အားလည်းကောင်း၊ ညနေပိုင်းတွင် ခေါင်တိုင်ကျေးရွာအုပ်စု ညောင်ရွှေမြို့ နယ်၌ ပြုလုပ်ရာ အင်အား (၅၀)ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းများဖြင့် အသိပညာဗဟုသုတပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)