ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု ချောင်းကြီးကျေးရွာတွင် (၂၃-၁-၂၀၁၈) ရက်နေ့၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းသည့် နေအိမ် (၃)လုံး အိမ်ထောင်စု (၃)စု လူဦးရေ (၁၃)ဦးအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၀)မျိုး စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၂၇၃၀၀/-)ကျပ် စုစုပေါင်း ရန်ပုံငွေ(၃၂၇၃၀၀/-)ကျပ်တို့အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၅-၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူထံ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events