၂၄-၁-၂၀၁၈၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ပြည်သူသို့ထုတ်ပြန်ရမည့် (၄)လ (၁)ကြိမ် အစီရင်ခံစာပြုစုရေးသားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၄-၁-၂၀၁၈) ရက်နေ့၊ နေ့လည်(၁)နာရီ တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၊ ဒုတိယဥက္ကဌဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ကော်မတီဝင်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဌာနဆိုင်ရာအဖွဲ့အစည်းများမှတာဝန်ရှိသူများ စုံလင်စွာတက်ရောက်ကြပြီး ဆွေနွေးညှိနှိုင်းကြ ကြောင်း သတင်းရရှိပါသည်။
Source: MSWRR