ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ရေလဲကြီးကျေးရွာတွင် (၂၃-၁-၂၀၁၈)ရက် နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းသည့် နေအိမ် (၂)လုံး အိမ်ထောင်စု (၂)စု လူဦးရေ (၁၄)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၂၉၄၀၀/-) စုစုပေါင်း ရန်ပုံငွေ (၂၂၉၄၀၀/-)ကျပ်တို့အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၅-၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events