မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ပြည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီ်ခရိုင်၊ လက်ပံတန်းမြို့နယ်၊ သာရဝေါ ကျေးရွာအုပ်စု၊ ကုလားချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၃၃၆၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ကတ္ထူပုံးအပါ (၅)ပုံး တန်ဖိုးငွေ(၁၁၀၃၃၀/-)ကျပ်၊ Family Kits (၅)ပုံးတို့အား (၂၅-၁-၂၀၁၈)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events