Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြည်သူ့အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ယူနီဆက် (မြန်မာ)နှင့်ဆွေးနွေး
နေပြည်တော် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက် ယမန်နေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယူနီဆက် (မြန်မာ) လူမှု ကာကွယ်စောင့်ရှောက်ရေးအကြံပေးဖြစ်သူ Mr. Michael Samson က လာရောက်တွေ့ဆုံပြီး လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ စီမံချက်ရေးဆွဲရာတွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဓိကထည့်သွင်းသင့်သည့်အချက်များ၊ ထည့်သွင်းစဉ်းစား ရမည့်ကုန်ကျငွေများ၊ လိုအပ်မည့် လူသားအရင်းအမြစ်များ၊ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းများကို ကာလလတ်အစီအစဉ်ဖြင့် စီမံချက်ချရေးဆွဲထားမှုကို တင်ပြခဲ့ပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၁၈) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ဦးခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအခမ်းအနားသို့ မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲ (၂၀) ဦး၊ သင်တန်းသား/သူ (၃၀) ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၁၉-၂-၂၀၁၈) ရက်နေ့မှ (၂၁-၂-၂၀၁၈) ရက်နေ့အထိ (၃)ရက်ကြာ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျွဲခေါင်းကျေးရွာအုပ်စု၊ ကျုံဖားရိုးအရှေ့စုကျေးရွာတွင် (၁၈-၂-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၆၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၂၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၀၆,၃၀၀) ကျပ်နှင့် Family Kits (၂၆) မျိုးပါ (၁) ပုံး ပလပ်စတစ်ပုံး(၁) … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၉-၂-၂၀၁၈) ရက်နေ့၌ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းကာ လမှာ (၁၉-၂-၂၀၁၈) မှ (၂၁-၂-၂၀၁၈) ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသားဦး ရေ စုစုပေါင်း (၃၀) ဦးတက် ရောက်ကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၁၈-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၇) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မုဒုံမြို့နယ်၊ ကမာဝက်မြို့၊သိမ်ကုန်းရပ်ရှိ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၇-၂-၂၀၁၈)ရက်နေ့၌ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊သိမ်ကုန်းရပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၂) လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)မှ လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၃၀၀,၀၀၀)ကျပ်၊ Family Kit (၂)ထုပ်၊ ပလစ်စတစ်ရေပုံး (၄) ပုံးနှင့် တစ်ပတ်စာ ဆန်ဖိုးငွေ (၁၈,၉၀၀) ကျပ်တို့အား (၁၈-၂-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၇-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၉) လုံးအတွက် တစ်တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၇၀,၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source : ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သော ကလေးငယ်များအတွက် သင်တန်းကျောင်း ဖွင့်လှစ်ခြင်းနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို ကျင်းပ ပြုလုပ်မှုသတင်း
၁၇.၂.၂၀၁၈၊ မော်လမြိုင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်းဝင်းအတွင်းတွင် ယနေ့ကျင်းပ ပြုလုပ်သော အထူးပြုစုစောင့်ရှောက်ရေးရန်လိုအပ်သောကလေးများ လေ့ကျင့်သင်ကြားရေး ကျောင်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားရာ အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အလေးထားလျက်ပြည်သူများ တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသော လုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်နေပါကြောင်း၊ ယနေ့ဖွင့်လှစ်သော သင်တန်းကျောင်း အဆောက်အဦး သည်ပြည်သူအတွက် တိုက်ရိုက်အကျိုးရှိမည့်လုပ်ငန်းကိုပြည်သူ၏ပူးပေါင်းပါ၀င်မှုဖြင့်အကောင်အထည်ဖေါ်နိုင်ခြင်းကိုပြသခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များကို ကလေးသူငယ်များ၏ အခွင့်အရေးများဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါ၀င်ခွင့်များကို အပြည့်အဝပေးနိုင်ရန် မူဝါဒ၊ဥပဒေ၊ နည်းဥပဒေများကို ဆောင်ရွက်လျက်ရှိရာ … Read more
-
မကွေးမြို့နယ်၊ကြာကန်ကျေးရွာအုပ်စုတွင် ဝန်ကြီးဌာန၏ လှူဒါန်းငွေဖြင့် စက်ရေတွင်းသစ်ဖွင့်လှစ်ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည်(၁၇-၂-၂၀၁၈) ရက်နေ့၊ မကွေးမြို့နယ် ကြာကန်ကျေးရွာအုပ်စု၊ ဘုရားချောင်တဲတိုက်နှင့် ညောင်ပင်ချောင်တဲတိုက်ဝန်ကြီးဌာန၏ လှူဒါန်းငွေ(၁၄၈)သိန်းဖြင့် တူးဖော်ပြီးစီးသည့် စက်ရေတွင်းသစ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ စက်ရေတွင်း သစ်ဖွင့်ပွဲသို့ မကွေးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ချိုဆက်နှင့်ကျေးရွာလူထုတို့တက်ရောက်ကြပြီးရေအနက်ပေ(၈၅၀)တွင်ရေချိုထွက်ရှိသဖြင့် အိမ်ထောင်စု (၁၅၀) လူဦးရေ (၈၀၀)တို့ အတွက်သောက်သုံးရေဖူလုံစေကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၆-၂-၂၀၁၈) ရက်နေ့တွင် မြောင်းမြမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း ၌ ဌာနဆိုင်ရာများ၊ သင်တန်းသူ သင်တန်းသားများ ၊ စုစုပေါင်း လူဦးရေ (၄၅၀) ဦး တို့ဖြင့် သဘာဝဘေးလျော့ပါး အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)









