မီးဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျွဲခေါင်းကျေးရွာအုပ်စု၊ ကျုံဖားရိုးအရှေ့စုကျေးရွာတွင် (၁၈-၂-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၆၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၂၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၀၆,၃၀၀) ကျပ်နှင့် Family Kits (၂၆) မျိုးပါ (၁) ပုံး ပလပ်စတစ်ပုံး(၁) ပုံးတို့အား (၁၉-၂-၂၀၁၈) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events