သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၁၈) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ဦးခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအခမ်းအနားသို့ မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲ (၂၀) ဦး၊ သင်တန်းသား/သူ (၃၀) ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၁၉-၂-၂၀၁၈) ရက်နေ့မှ (၂၁-၂-၂၀၁၈) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events