Category Archives: News
-
ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းပြန်လည်နေရာချထားရေး၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာပြန်လည်တည်ဆောက်မည့် ကျေးရွာများ မြေယာပြုပြင်ဖော်ထုတ်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းပြန်လည်နေရာချထားရေး၊ ဒေသတွင်းဖွံ့ဖြိုးရေး ဆိုင်ရာတည်ဆောက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၂၀၁၈ ခုနှစ်၊ မတ်လ (၈) ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကားပြောကြားပြီးလုပ်ငန်းဆိုင်ရာများအတွက် ဒုတိယဝန်ကြီးက ဦးဆောင်ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး မောင်တောဒေသကျေးရွာများ မြေယာပြုပြင်ဖော်ထုတ်ခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက် နေသောဒေသခံလုပ်ငန်း ကုမ္ပဏီများ၊ UEHRD ၏ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက် … Read more
-
တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသော ပြည်သူများအတွက် အဝတ်အထည်များ လှူဒါန်းမှုသတင်း
၈-၃-၂၀၁၈၊ နေပြည်တော် ကချင်ပြည်နယ်၊ ချီဖွေမြို့နှင့်ပန်ဝါမြို့တို့တွင် နေထိုင်ကြသော ချို့တဲ့သည့်ပြည်သူများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသော ပြည်သူများအတွက် အဝတ်အထည်များ လှူဒါန်းခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက (ကျား- ဝတ်ရှပ်အကျႌ ၁၅၀၀၊ မ- ဝတ်ရှပ်အကျႌ ၁၅၀၀) စုစုပေါင်း အဝတ်အထည် (၃၀၀၀) ထည်အား ချီဖွေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇုံးတိန့်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ Source: MSWRR
-
UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၈-၃-၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း(UEHRD)၏ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် MPT သုံးစွဲသူများမှ ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် SMS ဖြင့်ပေးပို့ လှူဒါန်းထားသော လှူဒါန်းငွေကျပ် – ၁၀၁,၇၉၂,၀၀၀ိ/-(ကျပ်တစ်ထောင့် တစ်ဆယ့်ခုနှစ်သိန်းကိုးသောင်းနှစ်ထောင်တိတိ)ကိုယနေ့ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေနှင့် အဖွဲ့မှလာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ Source: MSWRR
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ရှယ်လ်တာပြုပြင်မှုအတွက် ဆွေးနွေးညှိနှိုင်းမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အဆင့် လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ကျေးရွာကော်မတီအဖွဲ့ဝင်များသည် (၈-၃-၂၀၁၈) ရက်နေ့ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်း၌ ဒေါ်ငြိမ်းရှယ်လ်တာပြန်လည်ပြုပြင်ရေးအတွက် အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေးကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းနှင့် တင်ပုလွှဲကျေးရွာ ဓမင်းဆိပ်ရှယ်လ်တာသို့ ဖျာပုံမြို့နယ်၊ လမ်းဦးစီးမှူးနှင့် ကျေးရွာကော်မတီဝင်များနှင့်အတူ ပြင်ဆင်ရမည့် အပိုင်းများကိုသွားရောက် ကြည့်ရှူပြီး လုပ်ငန်းစဉ်များ ချပြ၍ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၃-၂၀၁၈) ရက်နေ့ (၀၀း၁၅)နာရီအချိန် ၌ ဘားအံမြို့နယ်၊ သာမညကျေးရွာ ရတနာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်(၁)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါ မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ family kit (၁)စုံနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းကျပ် (၁၁၀၅၀၀/-) ကျပ်တို့အား (၈-၃-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် (၇-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၅၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၉,၂၀၀) ကျပ်တို့အား (၈-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေး တိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာအုပ်စု၊ အိုးဖိုကျေးရွာ၌ (၇-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂၀)၊ အိမ်ထောင်စု (၂၀) စုမှ လူဦးရေ (၁၀၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၀၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂၀) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၄,၂၀၀) ကျပ်နှင့် ဆယ်တန်းဖြေဆိုမည့် ကျောင်းသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၆၄,၂၀၀) … Read more
-
လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်း ကျေးရွာများတွင် ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၈) ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မြို့ခင်းသာကျေးရွာအုပ်စု၊ ထန်းပင်ကန်ကျေးရွာတွင် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေး လုပ်ငန်းများဖြစ်သော လူနေအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုများကို စစ်ဆေး၍ အိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများပေးအပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ပုညမုဒိတာ (ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်း)၊ ကျေးရွာနေပြည်သူများနှင့်အတူ ဆောင်ရွက် လျက်ရှိပါသည်၊၊ လေဘေးဒဏ်ခံနိုင်ရည်မရှိသော အဆောက်အဦးများအနေဖြင့် ၂၀၁၇ ခုနှစ်၊ မေလတွင် … Read more
-
ကောလင်းမြို့နယ်ဦးစီးမှူးရုံးသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကောလင်းမြို့နယ် ဦးစီးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို (၆-၃-၂၀၁၈) နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကောလင်းမြို့နယ် ထွေ/အုပ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌမှ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်းပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ကော့လင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့ မြောက်ပိုင်းရပ်ကွက် လယ်ပြင်လမ်း၌ (၃-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ် လျှင် (၂၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၁,၀၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး (၅) အိမ်ထောင်စာနှင့် လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၆,၂၀၀) ကျပ်တို့အား (၇-၃-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ရာနေရာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more









