ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အဆင့် လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ကျေးရွာကော်မတီအဖွဲ့ဝင်များသည် (၈-၃-၂၀၁၈) ရက်နေ့ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်း၌ ဒေါ်ငြိမ်းရှယ်လ်တာပြန်လည်ပြုပြင်ရေးအတွက် အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေးကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းနှင့် တင်ပုလွှဲကျေးရွာ ဓမင်းဆိပ်ရှယ်လ်တာသို့ ဖျာပုံမြို့နယ်၊ လမ်းဦးစီးမှူးနှင့် ကျေးရွာကော်မတီဝင်များနှင့်အတူ ပြင်ဆင်ရမည့် အပိုင်းများကိုသွားရောက် ကြည့်ရှူပြီး လုပ်ငန်းစဉ်များ ချပြ၍ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။