ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း(UEHRD)၏ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် MPT သုံးစွဲသူများမှ ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် SMS ဖြင့်ပေးပို့ လှူဒါန်းထားသော လှူဒါန်းငွေကျပ် – ၁၀၁,၇၉၂,၀၀၀ိ/-(ကျပ်တစ်ထောင့် တစ်ဆယ့်ခုနှစ်သိန်းကိုးသောင်းနှစ်ထောင်တိတိ)ကိုယနေ့ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေနှင့် အဖွဲ့မှလာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
Source: MSWRR