လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်း ကျေးရွာများတွင် ဆောင်ရွက်မှုသတင်း

8 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၈-၃-၂၀၁၈) ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မြို့ခင်းသာကျေးရွာအုပ်စု၊ ထန်းပင်ကန်ကျေးရွာတွင် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေး လုပ်ငန်းများဖြစ်သော လူနေအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုများကို စစ်ဆေး၍ အိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများပေးအပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ပုညမုဒိတာ (ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်း)၊ ကျေးရွာနေပြည်သူများနှင့်အတူ ဆောင်ရွက် လျက်ရှိပါသည်၊၊ လေဘေးဒဏ်ခံနိုင်ရည်မရှိသော အဆောက်အဦးများအနေဖြင့် ၂၀၁၇ ခုနှစ်၊ မေလတွင်  လေဘေးဒဏ်ခံစားခဲ့ရသည့် အိမ်ခြေစာရင်းများပေါ်တွင် မူတည်၍ စာရင်းဇယားများရယူ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events