ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းပြန်လည်နေရာချထားရေး၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာပြန်လည်တည်ဆောက်မည့် ကျေးရွာများ မြေယာပြုပြင်ဖော်ထုတ်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

9_Pic_03
ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းပြန်လည်နေရာချထားရေး၊ ဒေသတွင်းဖွံ့ဖြိုးရေး ဆိုင်ရာတည်ဆောက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၂၀၁၈ ခုနှစ်၊ မတ်လ (၈) ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကားပြောကြားပြီးလုပ်ငန်းဆိုင်ရာများအတွက် ဒုတိယဝန်ကြီးက ဦးဆောင်ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး မောင်တောဒေသကျေးရွာများ မြေယာပြုပြင်ဖော်ထုတ်ခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက် နေသောဒေသခံလုပ်ငန်း ကုမ္ပဏီများ၊ UEHRD ၏ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မောင်တောဒေသကျေးရွာများ မြေယာပြုပြင် ဖော်ထုတ်ခြင်း၊ ပြန်လည်တည်ဆောက်မည့် ကျေးရွာများအတွက် နေအိမ်လိုအပ်ချက်များနှင့် အခြေခံအဆောက်အဦးလိုအပ်ချက်များဆွေးနွေးခြင်း၊ ကုန်ကျစရိတ်များကို ဒေသ အခြေအနေ၊ လုပ်ငန်းလိုအပ်ချက်အခြေအနေနှင့် သင့်လျော်ကိုက်ညီမည့် နှုန်းထားများညှိနှိုင်း သတ်မှတ်ခြင်း တို့ကိုညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

Source:   MSWRR

Sign Up

Upcoming Events